အလုပ်လုပ်ရမယ့်ရက်တွေမှာ အလုပ်ကို မလာပဲပျက်ကွက်တာတွေဟာ အလုပ်ရဲ့ Productivity ကို ထိခိုက်နိုင်တာကြောင့် အမြဲတွက်ချက်စောင့်ကြည့်သင့်ပါတယ်။ဒါကို Absenteeism Rate လို့ခေါ်ပါတယ်။ ဝန်ထမ်းတွေ နေထိုင်မကောင်းလို့ပဲဖြစ်ဖြစ်၊ တခြား အကြောင်းအရာတွေကြောင့်ပဲဖြစ် အလုပ်ကိုပျက်ကွက်တတ်ကြပါတယ်။ Vacation တွေ၊ အစိုးရရုံးပိတ်ရက်တွေ၊ တရားဝင်ခွင့်ပြုထားတဲ့ရက်တွေကိုတော့ absenteeism-rate calculation အထဲမှာ ထည့်မတွက်ကြပါဘူး။ ၃လပတ် absenteesim rate ဆိုတာ ၎င်း ၃ လပတ်ကာလအတွင်းမှာ တရားမဝင်ပျက်ကွက်တဲ့ရက်တွေနဲ့ ရှိတဲ့ အလုပ်လုပ်ရက် စုစုပေါင်းရဲ့ အချိုးပဲ ဖြစ်ပါတယ်။
ပုံသေနည်းကတော့…
————————————-
absenteeism rate = (total work day lost to absenteeism/ total number of working days ) x 100
————————————-
ဒါကို တွက်ချက်ဖို့…
၁။ ၃လပတ်ရဲ့ ပျမ်းမျှဝန်ထမ်းဦးရေ နဲ့ အလုပ်လုပ်ရက်ကိုရှာရမယ်။ ဒီ ၂ ခုကို မြှောက်လိုက်ရင် စုစုပေါင်း အလုပ်လုပ်ရက်ကိုရမှာဖြစ်တယ်။
၂။ ပျမ်းမျှဝန်ထမ်းဦးရေကို တွက်တဲ့အခါမှာ ၃လရဲ့ အစမှာရှိတဲ့ ဝန်ထမ်းဦးရေရယ်၊ အဆုံးမှာရှိတဲ့ ဦးရေကိုပေါင်းပြီး ၂ နဲ့စားလိုက်လိုက်ခြင်းအားဖြင့်အလွယ်တွက်လို့ရပါတယ်။ ဥပမာ -အစမှာ (၂၉) ယောက်၊ အဆုံးမှာ (၃၁) ယောက်။ ဒါကြောင့် (၂၉+၃၁)/၂= ၃၀ ယောက် ရပါတယ်။
၃။ (၃) လပတ်ကာလရဲ့ အလုပ်လုပ်ရက် (working days) ကိုတွက်ဖို့ကတော့ ပထမဦးဆုံး အစိုးရရုံးပိတ်ရက်တွေ ဘယ်နှစ်ရက်ရှိလဲ၊ ဒီကာလမှာ ရက်သတ္တပတ်ဘယ်နှစ်ပတ်ရှိလဲရှာရပါတယ်။ ဒုတိယအဆင့် အနေနဲ့ ဒီကာလရဲ့ အစ သို့မဟုတ် အဆုံးမှာရှိတဲ့ တစ်ပတ်မပြည့်တဲ့ရက်ပေါင်း ဘယ်နှစ်ရက်ရှိလဲ ရှာရပါတယ်။ တတိယ အဆင့်အနေနဲ့ ရှိတဲ့ week အရေအတွက်ကို (၅) မြှောက်ပါတယ် (စနေ၊တနင်္ဂနွေပိတ်တယ်ယူဆပြီး)။ ပြီးရင် အဆုံး or အစ မှာရှိတဲ့ တစ်ပတ်မပြည့်တဲ့ ရက်တွေကိုပေါင်းပါတယ်။ ပြီးရင် အစိုးရ ရုံးပိတ်ရက်တွေကို နူတ်လိုက်ရင် ဒီ ၃လပတ်ရက် အလုပ်လုပ်ရက်အရေအတွက်ရလာပါတယ်။
————————————-
ဥပမာ –
week အရေအတွက် = 12 ပတ်
အစိုးရရုံးပိတ်ရက် = 1 ရက်
အစ/အဆုံး တပတ်မပြည်တာက = 3 ရက်
working days = 12 ပတ် x 5 ရက် = 60 ရက် – 1 ရက် = 59 ရက် + 3 ရက် = 62 ရက်
————————————-
ဒါပေမယ့် absenteeism ကို တွက်ချက်ဖို့ စုစုပေါင်း အလုပ်လုပ်ရက် (total working days) ရဖို့က ခုနက ရှာထားတဲ့ ပျမ်းမျှဝန်ထမ်းဦးရေ (average headcounts) နဲ့ ဒီ ၃ လပတ်မှာရှိတဲ့ အလုပ်လုပ်ရက်ကို မြှောက်ရမှာဖြစ်ပါတယ်။
————————————-
ဥပမာ –
ပျမ်းမျှဝန်ထမ်း = 30 ယောက်
၃ လအတွင်း အလုပ်လုပ်ရက် = 62 ရက်
စုစုပေါင်းဝန်ထမ်းများရဲ့အလုပ်လုပ်ရက် = 30 ယောက် x 62 ရက် = 1,860 ရက်
————————————-
၄။ နောက်တစ်ဆင့်က တရားမဝင်ပျက်ကွက်ရက်တွေ (workdays lost to absenteeism) ကို တွက်ချက်ရှာဖွေရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဝန်ထမ်းအားလုံးရဲ့ တရားမဝင်ပျက်ရက်တွေကို အတိအကျရေတွက်လို့ ရနိုင်သလို၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပျက်ကွက်ကြပုံတွေကြည့်ပြီး ခန့်မှန်းကြည့်တာလဲ လုပ်နိုင်ပါတယ်။ တစ်ရက်မပြည့်တဲ့ နာရီပိုင်းတွေ တစ်ရက်(၈)နာရီအလုပ်ချိန်နဲ့ အပိုင်းကိန်းတွေ တွက်ယူပါတယ်။ ဥပမာ ဒီ၃လမှာ ပျမ်းမျှဝန်ထမ်း (၃၀)ဟာ ပျမ်းမျှ တစ်ရက် ပျက်ကြပြီး ၂ နာရီလောက်လည်း အလုပ်ပျက်တတ်တယ်ဆိုရင်ဒီကာလရက် အလုပ်ပျက်ရက်ဟာ 37.5 ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ ဒီလိုတွက်လို့ဖြစ်ပါတယ်။
————————————-
ဥပမာ –
ပျမ်းမျှ sick leave = 1 ရက်
ပျမ်းမျှ အယောက် 30 အတွက် = 30 ယောက်x 1 ရက်ပျက် = 30 ရက်
ပျမ်းမျှ အခြား ပျက်တဲ့ ရက် = 2/8 ရက်
ပျမ်းမျှ အယောက် 30 အတွက် = 2/8 ရက် = 7.5 ရက်
စုစုပေါင်းပျက်ရက် = 30 ရက် + 7.5 ရက် = 37.5 ရက်
————————————-
၅။ ဒီနောက်ဆုံး အနေနဲ့ ဒီ ၃ လပတ်ကာလအတွက် absenteeism rate ကိုတွက်မယ်ဆိုရင် အလုပ်ရက်စုစုပေါင်း (number of workdays lost) ကို စုစုပေါင်း အလုပ်လုပ်ရက် (total number of available workdays) နဲ့စားပြီး ရာခိုင်နှုန်းဖွဲ့လိုက်ရပါတယ်။
————————————-
ဥပမာ –
အလုပ်ပျက်ရက် = 37.5 ရက်
စုစုပေါင်း အလုပ်လုပ်ရက်=1,860 ရက်
absenteeism rate = 37.5/1860 x 100 = 2%
————————————-
ဒါကြောင့် ဒီ ၃ လပတ်မှာ ဝန်ထမ်းများရဲ့ အလုပ်ပျက်ရက်ဟာ ၂ ရာခိုင်နှုန်းရှိတယ်လို့ တွက်ချက်ရပါတယ်။ ဆက်လက်ပြီး ဒီ ရာခိုင်နှုန်းဟာ ကိုယ့် လို လုပ်ငန်းအမျိုးအစားအတွက် အဆင်ပြေရဲ့လား၊ အရင် ၃ လ ထက်စာရင် တက်လာသလား၊ ကျသွားသလား၊ ဘာကြောင့်လဲ။ ဒီအချက်တွေဟာ ဝန်ထမ်းတွေထွက်နှုန်း (turn over rate) လိုမျိုးပဲ အကြောင်းရင်းကို သိသင့်ပါတယ်။ ဒါတွေကြောင့် business မှာဘယ်လို impact ရှိလဲဆိုတာကို HR တစ်ယောက်အနေနဲ့ သိသင့်ပါတယ်လို့ ပြောပြချင်ပါတယ်။