Jim Collins က ကုမ္ပဏီ တွေကို good to greate ဖြစ်စေမယ့် အရာတွေက ဘာတွေများဖြစ်မလဲဆိုတာ ရှာဖွေဖို့ စေ့စေ့စပ်စပ် သုတေသနပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဖေါ်ပြထားတဲ့ အကြောင်းအရာ အများကြီးအထဲက တစ်ခုမှာ “Level 5 Leadership” အကြောင်းဖြစ်ပါတယ်။ ခေါင်းဆောင်တွေက သူတို့ရဲ့ team တွေကို တည်ဆောက်ပြီး လုပ်ပိုင်ခွင့်တွေပေးတဲ့ Servant Leader တွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နည်းဗျူဟာကို ချိန်ညှိခြင်းမပြုမီ မှန်ကန်တဲ့ လူကို ရွေးချယ်ခြင်းအပေါ် အလေးပေးခြင်းဖြစ်ပါတယ်။ စာအုပ်သည် ရှင်းလင်းပြတ်သားပြီး ဖတ်ရလွယ်ကူသည်။ စွမ်းဆောင်ရည်မြင့်မားသော အဖွဲ့အစည်းတစ်ခုကို တည်ဆောက်လိုပါက အဖွဲ့အစည်းခေါင်းဆောင်တွေအနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။