ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်လိုက်ပါ

၁။ မနက်ဆို နိူးစက်ကို ထရမယ့် အချိန်ထက်စောပေးထားတယ်။ ဒါမှ snooze ဆိုတဲ့ ခလုပ်ကို ခနခနနှိပ်ပြီး ပြန်ပြန်အိပ်လို့ရမှာဖြစ်တယ်။

၂။ အလုပ်က ပြန်လာတဲ့အခါမှာ ပုံမှန်ကိစ္စလေးတွေဖြစ်တဲ့ ချက်ပြုတ်တာ၊ အားကစားလုပ်တာ၊ မိသားစု မိတ်ဆွေတွေနဲ့ အချိန်ပေးတာတွေကို မလုပ်ချင်တော့အောင် အားကုန်ခမ်းနေတတ်တယ်။

၃။ အိပ်ချိန်တွေ ကမောက်ကမဖြစ်နေကြတယ်။ အလုပ်မှာ မပြီးသေးတာတွေ၊ လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး အိပ်ချိန်တွေက မမှန်ချင်တော့ဘူး။

၄။ TGIF ဆိုတဲ့ သောကြာနေ့ညက အပျော်ဆုံး ဖြစ်နေတတ်တယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုက လွတ်မြောက်သွားသလို့ ယာယီခံစားမိကြတယ်။

၅။ အလုပ်အဆင်ပြေလားလို့ မေးလာကြတဲ့အခါတိုင်းမှာ “ကောင်းပါတယ်” ဆိုတဲ့ တခွန်းတည်းကိုသာ ခနခနဖြေနေခဲ့ကြတယ်။

၆။ လူတွေက “မင်း အခြေအနေကောင်းရဲ့လား” လို့ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို လာလာမေးနေတတ်ကြတယ်။ မျက်နှာပေါ်မှာ အရမ်းပေါ်လွင်နေပြီလားမသိပါဘူး။

၇။ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့လည်း သိပ်ပြီးရောရောနှောနှော မနေချင်တော့ဘူး။ အထူးသဖြင့် အလုပ်က လုပ်တဲ့ပွဲတွေကို သိပ်မတက်ချင်ကြတော့ဘူးလေ။

၈။ နေရောင်ကိုကြောက်ကြတဲ့ ဗန်ပါးယား တွေလို မနက်အစောကြီးရုံးရောက်၊ ညနေဝင်မှ အိမ်ကိုပြန်။ ဒီ stress တွေနဲ့ ပြည့်နေတဲ့ နေရာမှာ ရှိနေမိတတ်တယ်။

၉။ တနင်္လာနေ့တိုင်း ရုံးတက်ဖို့ရာ တရွတ်တိုက်ဆွဲနေရပြီ။

၁၀။ လက်ရှိအလုပ်ကနေ ထွက်ဖို့ အရမ်းစိတ်ကူးနေမိပြီ။

၁၁။ ကိုယ်ဘာအလုပ် လုပ်သလဲဆိုတာ လူတိုင်းအတွက်ပြောလို့ကောင်းတဲ့အရာပါ။ ဒါပေမယ့် ကိုယ့်အနေနဲ့ အဲ့ဒီ့အကြောင်းကို ပြောလိုစိတ် ကုန်ခမ်းနေပြီ။

၁၂။ အလုပ်ထွက်ဖို့ တာစူနေပြီဆိုတော့ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဖေါက်သည်တွေကို ဆက်ဆံနေတာ အေးစက်လို့လာနေပြီ။

၁၃။ အလုပ်မှာ ရရှိဖူးတဲ့ အောင်မြင်မှုတွေကို သတိမရ မေ့ပျောက်တတ်နေပြီ။

၁၄။ အလုပ်မှာ pressure ဆိုတာ လူတိုင်းအတွက် အနည်းနဲ့ အများတော့ ရှိတတ်ကြတာကြီးပါပဲ။ ဒါပေမယ့်ကိုယ့်မှာကတော့ အရမ်းကို stress တွေ များနေပြီ။

၁၅။ လက်ရှိနေရာမှာ တိုးတတ်မှုရှိတယ်လို့ ဘယ်လိုမှ ခံစားလို့ မရတော့ဘူး။

၁၆။ အလုပ်မှာ စိတ်မပါရုံတင်မကတော့ဘူး၊ အခြားဘယ်သူ့ကိုမှလဲ မကူညီချင်တော့ဘူး။

၁၇။ မကြာခနဆိုသလို လွတ်ထွက်ပြီး ဒေါသတွေ ကြီးနေမိပြီ။

၁၈။ ကိုယ့်ရဲ့ အဖေါ်အပေါ်မှာလဲ လိုတာထက်ပိုပြီး မကျေနပ်ချက်တွေကို အပြစ်တင်ပြောဆိုမိနေပြီ။

၁၉။ အလုပ်တစ်ခုကို အသေရရ အရှင်ရရ ရှာနေမိပြီ။

၂၀။ ကိုယ့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကလည်း ကိုယ့်အနားမှာ အရမ်းသတိထားပြီး ကိုယ့်ကို ဆက်ဆံနေကြပြီ။

ဒီအချက်တွေကို ကြုံတွေ့နေရပြီဆိုရင်တော့ ကျိန်းသေပါတယ်။ burn-out ဖြစ်နေပါပြီ။

burn-out ဆိုတဲ့ စကားလုံးကို မရင်းနှီးကြရင်တောင်မှ ကြုံဖူးကြမယ်လို့ထင်ပါတယ်…”အားကုန်ခမ်းခြင်း၊ မောပန်းခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ အချို့သူတွေဆို အလုပ်မှာ ဒါကိုလက်ရှိခံစားနေရမယ်ထင်ပါတယ်။

ဒီလိုအနေအထားမှာ ရောက်ရှိနေပြီဆိုရင်တော့ အပြောင်းအလဲဆိုတာကို စဉ်းစားရမယ်။ ကိုယ် သဘောမကျတဲ့ အရာကြီးကို ကြိတ်မှိတ်ပြီးလုပ်နေရတာ အရမ်းကိုနွမ်းနယ်စေပါတယ်။

ကိုယ့်ကိုယ်ကိုယ် သတိထားရပါတော့မယ်။ ဒီလိုဖြစ်ရတာတွေဟာ အလုပ်ကြိုးစားတာ နဲ့မဆိုင်ပါဘူး။ ကြိုးစားသလို အရာမထင်တဲ့ အလုပ်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှု job satisfaction မရကြတာနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။

find/do something you love…or
love something you do…

ref: Bill Fanning

Leave a Reply