စစ်တုရင်ပွဲကစားနည်းအကြောင်းလေးကို ပြောပြချင်ပါတယ်…ဒီကစားနည်းမှာ…
King ဟာအဓိကပဲ…သူကျရင်ပွဲပြီးသွားပြီပေါ့…ကျန်တဲ့သူတွေအားလုံးကသူ့ကိုကာကွယ်ရတယ်…သူကကြိုက်သလိုရွေ့လို့ရတယ်…ဒါပေမယ့်တကွက်ပါပဲ…ထိန်းသိမ်းမှုသိက္ခာအပြည့်နဲ့….
Queen မဟာစွမ်းဆောင်ရည်အမြင့်ဆုံးပဲ…လုပ်ပိုင်ခွင့်အရှိဆုံးပဲ…တာဝန်လဲအရမ်းကြီးတယ်…ကာကွယ်ရသလို တိုက်စစ်ကိုလည်းခင်းနိုင်ရတယ်…လိုအပ်ရင်လည်းစတေးနိုင်ရမယ်…အဓိကကရန်သူ king ကိုအနိုင်ရဖို့နဲ့ကိုယ့်ရဲ့ king မဆုံးရှုံးဖို့ပဲ…
Bishop…Castle…Knight…ဒါတွေဟာ ပရိယာယ်ဗျူဟာတွေပဲ…ကိုယ့်အဖွဲ့ရဲ့ ultimate goal ဖြစ်တဲ့ စစ်အနိုင်ရရှိရေးနဲ့ စစ်မရှူံးရေးအတွက်ကျရနေရာကနေလှုပ်ရှားရတယ်…သူတို့ရဲ့အဓိကတန်ဖိုးကတော့ teamwork ပဲ…တစ်ယောက်ရဲ့ strength & weakness ကို တစ်ယောက်ကနားလည်ရတယ်…ပံ့ပိုးထောက်ကူရတယ်…
Pawn တွေကတော့ စစ်ရဲ့ အရန်အင်အားတွေပဲ…ကိုယ်ဟာအင်အားအနည်းဆုံးဆိုပေမယ့် လိုအပ်ရင် စတေးရဲရပြီး လိုအပ်ရင် Queen အဆင့်အထိပြောင်းလဲအင်အားဖြည့်နိုင်ရမယ်…
Chess ကစားနည်းနဲ့ လက်တွေ့ဘဝဟာ အရမ်းနီးစပ်လှပါတယ်…ဉာဏ်လိုလွှာသုံးပြီး အနိုင်ရဖို့အတွက်ဗျူဟာတွေအမျိုးမျိူးခင်းရတယ်မဟုတ်ဘူးလား။ ရှေ့ရေးကိုမျှော်တွေးပြီး အကွက်မြင်ရတယ်။ လှုပ်ရှားမှုတိုင်းရဲ့ သက်ရောက်မှုတွေကို ကြိုတင်မြင်နိုင်ရတယ်။ ဒါဟာအသက်ပဲ။
လက်တွေ့ဘဝနဲ့ ကွာဟတာကတော့ တစ်ချက်ပါပဲ။ ဒီတစ်ချက်က တစ်ချက်ဆိုသလောက် အရမ်းကွာခြားပါတယ်။ Chess ကစားနည်းဟာ သိက္ခာရှိတယ်၊ သစ္စာရှိတယ်။ ကိုယ့်ရဲ့ ဘက်တော်သားတွေဟာ နောက်ကျောဒါးနဲ့ထိုး၊ သစ္စာဖေါက်ဖို့ အခွင့်မရှိဘူး။ လက်တွေ့ဘဝမှာတော့ ရန်သူကိုဗျူဟာခင်းပြီးတိုက်နေရပေမယ့် ကိုယ့်ရဲ့အဖွဲ့ဝင်တိုင်းဟာ ကိုယ့်အပေါ်သစ္စာခံနေမယ်လို့တွက်ယူထားလို့မရဘူးလေ။
ဘဝရဲ့ chess အရုပ်တိုင်းဟာ ကိုယ့်ရဲ့ရွေးချယ်မှု၊ သစ္စာခံမှုမှန်ကန်နေဖို့လိုပါတယ်။ သစ္စာမရှိတဲ့ pawn အဆင့်တစ်ယောက်ကြောင့်တောင် တိုက်ပွဲအခြေအနေပြောင်းသွားနိုင်တယ်လေ။
ဒါပေမယ့်လဲ chess ကစားနည်းမှာ မလုပ်နိုင်ပေမယ့် လက်တွေ့ဘဝမှာ လုပ်နိုင်တာကတော့ စည်းလုံးမှု၊ အချင်းချင်းသစ္စာရှိမှုပါပဲ။ ကျရာနေရာကနေ ကိုယ့်အဖွဲ့ရဲ့ ရပ်တည်မှုကိုနားလည်ပြီး ဗျူဟာတွေမှာကျရာနေရာကနေတာဝန်ကျေဖို့ပဲဖြစ်ပါတယ်ဆိုတာကို သုံးသပ်မိပါတယ်။
သစ္စာရှိသူလား၊ ကိုယ့်လူသူ့ဖက်သားလား…
စဉ်းစားပါ….ဘာကိုပဲရွေးရွေး…သမိုင်းတော့ကျန်ခဲ့ပါလိမ့်မယ်…