Principle-centered Leadership (Part 1)

နိယာမကိုဗဟိုပြုခေါင်းဆောင်မှု (Principle-centered leadership) အပိုင်း ()

ဘယ်သူမပြုမိမိအမှုပဲ။ ဒီ နိယာမကိုဗဟိုပြုခေါင်းဆောင်မှု Principle-centered leadership ကလည်း ဒီအတိုင်းပါပဲ။ မိမိကနေ အစပြုရတာဖြစ်ပြီး၊ ကိုယ်ဦးဆောင်တဲ့သူတွေဆီကို တဖြေးဖြေး ပျံ့နှံ့ကူးစက်သွားစေရမှာ ဖြစ်ပါတယ်။

ရေတို အကျိူးရှိမယ့် အရာတွေအတွက် မိမိအနေနဲ့ အသုံးပြုလို့ ရနိုင်မယ့် management techniques နဲ့ tricks တွေ အများကြီးရှိကြပါတယ်။ ဒါပေမယ့်လည်း ခိုင်မာတဲ့ နိယာမကိုဗဟိုပြုခေါင်းဆောင်မှု principle-centered leadership သာ မကျင့်သုံးနိုင်ဘူးဆိုရင် မိမိရဲ့ ဝန်ထမ်းတွေက ဒီလို ဆေးမြီးတို (quick-fix solution) တွေ အပေါ်  မကြာခင်မှာပဲ အဆိုးမြင်လာကြပါလိမ့်မယ်။ 

စာအုပ်ထဲမှာ ရေးထားတာရှိတယ်။ “If I try to use manipulative strategies and tactics to get other people to do what I want-while my character is flawed or my competency is questionable-then I can’t be successful over time.”

ကိုယ်လိုချင်တာတွေကို လူတွေလုပ်စေဖို့ နည်းလမ်းမျိုးစုံ (strategies and tactics) သုံးနေပေမယ့်၊ ကိုယ့်ရဲ့ အကျင့်စာရိတ္တကမကောင်း၊ အရည်အချင်းကမမှီနေဘူးဆိုရင် ရေရှည်မှာ မအောင်မြင်နိုင်ပါဘူးလို့ ပြောထားတာပါ။

ဒီစာအုပ်အထဲမှာ နိယာမကိုဗဟိုပြုခေါင်းဆောင် principle-centered leader တွေရဲ့ အကျင့်စရိုက် (characteristics) () ခုကို ဖေါ်ပြရေးသားထားပါတယ်။ ဒီအရာတွေကို ကြည့်ပြီး မိမိရဲ့ ခေါင်းဆောင်မှုပုံစံကို  (leadership style) ချင့်ချိန်ကြည့်လို့ ရစေနိုင်ပါတယ်။

1️⃣ စဉ်ဆက်မပြတ် သင်ယူလေ့လာပါ (Learn continually)

အတွေ့အကြုံတွေကနေ သင်ယူပါ။ စာတွေဖတ်ပါ။ သင်တန်းတွေတက်ပါ။ အခြားသူတွေမျှဝေတာတွေကို နားထောင်ပါ။ မျက်စိဖွင့်နားစွင့်ပါ။ သိတတ်လာလေလေ၊ မသိသေး မတတ်သေးတာတွေဟာ များလေလေဆိုတာကို သိမြင်လက်ခံလာနိုင်အောင်လုပ်ပါ။ ဒီအချက်က အရေးကြီးတယ်။ အသိပညာတွေ တိုးပွါးလာတာနဲ့အမျှ ကိုယ်သိတယ်ကိုယ်တတ်တယ်  ဆိုတဲ့ မောဟအသိကလည်း လိုက်များလာတတ်လို့ပဲ ဖြစ်ပါတယ်။

2️⃣ တစ်ပါးသူအတွက် အကျိုးရှိတာ တစ်ခုခုလုပ်ပေးချင်စိတ်ရှိစေပါ။ (Be service-oriented.)

ဘဝဆိုတာကို တာဝန် (mission) တစ်ရပ်လိုမြင်တတ်ပါစေ။ အသက်မွေးဝမ်းကျောင်း (career) တစ်ခုလို မမြင်မိပါစေနဲ့။ နေ့ရက်တိုင်းရဲ့ မနက်ခင်းတွေမှာ  service ဆိုတဲ့ တစ်ပါးသူအတွက် အကျိုးရှိတာ တစ်ခုခုလုပ်ပေးချင်စိတ် ကို တံပိုးတစ်စုံလို ယူတင်ဝတ်ဆင်တတ်ပါစေ။ နိယာမဗဟိုပြု (principle-centered)ဖြစ်လာစေဖို့ ဉာဏလေ့ကျင့်ခန်း (intellectual exercise) တစ်ခုအနေနဲ့ကြိုးစားအားထုတ်မှုမှန်သမျှဟာ မအောင်မြင်တတ်ပါဘူး။ တာဝန်သိစိတ် (responsibility) နှင့် လှုပ်ရှားမှု (activity) ရှိရန် လိုအပ်သည်။

3️⃣ အပြုသဘောဆောင်တဲ့ စွမ်းအင်ကို ထုတ်ပေးပါ။ (Radiate positive energy)

ရွှင်လန်းချမ်းမြေ့စေပါ။ မိမိရဲ့ သဘောထား (attitude) ကို အကောင်းမြင်နိုင်အောင်ထားပါ။  အကောင်းမြင်စိတ်နဲ့ တက်ကြွနေစေပါ။ မိမိစိတ်ဓာတ် (spirit) က စိတ်အားထက်သန်မှုတွေ၊ မျှော်လင့်ချက်တွေ၊  ယုံကြည်မှုတွေနဲ့ ပြည့်နေစေပါ။ 

ဒီလို အပြုသဘောဆောင်တဲ့ စွမ်းအင်တွေက အခြားသော အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို ဆွဲဆောင်စေတတ်ပြီး အပျက်သဘောဆောင်တဲ့ စွမ်းအင်တွေကို ဖျက်စီးပေးတတ်ပါတယ်၊ လျော့ကျပေးစေပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ကြုံလာရတဲ့အခါမျိုးတွေမှာ ငြိမ်းချမ်းရေးကို ဖန်တီးသူတစ်ယောင်ဖြစ်အောင် ကြိုးစားပြီး၊ အဆိုးမြင်စိတ်တွေကို လျော့နည်းကျစေပါ။ ဒီလို စွမ်းအင်ကို လမ်းကြောင်းတည့်မတ်ပေးနည်းကို နားလည်တာက တကယ်ကိုပဲ အားကောင်းတဲ့ management tool တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် အခြားသော အကျင့်စရိုက်တွေနှင့် ပေါင်းစပ်လိုက်တဲ့အခါမှာဖြစ်ပါတယ်။

4️⃣ တခြားလူတွေကို ယုံကြည်ပါ။ (Believe in other people.)

အပျက်သဘောဆောင်တဲ့ အပြုအမူတွေ (negative behaviors)၊ ဝေဖန်မှုတွေ (criticism) ဒါမှမဟုတ် လူသားတွေရဲ့ အားနည်းချက်တွေ (human weaknesses) ကို လွန်လွန်ကဲကဲ မတုံ့ပြန်ပါနဲ့။ 

ဒါက နုံအတာမဟုတ်ပါဘူး။ အားနည်းတတ်တာတွေကို သတိပြုတတ်တာပါ။ အမူအကျင့် (behavior) လို့ခေါ်တဲ့ လက်ရှိပြုမှုနေတတ်တာတွေနှင့် အလားအလာ (potential) လို့ခေါ်တဲ့ လူတစ်ယောက်လုပ်နိုင်စွမ်းရှိတာတွေက မတူညီဘူဆိုတာကို သဘောပေါက်ခြင်းဖြစ်ပါတယ်။ 

မိမိဝန်ထမ်းတွေကို ပုံသေပုံစံ သတ်မှတ်တာတွေ (stereotype)၊ မစူးစမ်းပဲ ဘက်လိုက်သတ်မှတ်တာတွေ (prejudge) ကို မလုပ်ခြင်းအားဖြင့် သူတို့ကို ပုံသေသတ်မှတ်လိုက်တာကို ရှောင်ကြဉ်ရပါလိမ့်မယ်။ 

မျိုးစေ့ကို မျိုးစေ့လိုပဲ မမြင်ပဲ တစ်ချိန်မှာ အပင်ကြီး ဖြစ်လာနိုင်တယ်ဆိုတာကို မြင်တတ်ဖို့လိုပါတယ်။ မမြင်ရသေးတဲ့ အလားအလာတွေကို ယုံကြည်ပေးတတ်ခြင်းက ကြီးထွားမှုနဲ့ အခွင့်အလမ်းအတွက် အနေအထားပတ်ဝန်ကျင်တစ်ခုကို ဖန်တီးပေးရာရောက်ပါတယ်။ 

5️⃣ မျှတသောဘဝကို ဦးဆောင်ပါ။ (Lead a balanced life.)

အရာအားလုံးကိုလိုက်လုပ်တာ၊ ဘာတစ်ခုမှကို မလုပ်တာ၊ ဒီနှစ်ခုကို မလုပ်ပါနဲ့။ ချဲ့ကားပြောဆိုတဲ့အရာမှာ ပိုပြီးချဲ့ကားပြောဆိုကာ အမှားလုပ်တာထက် လျော့ပေါ့ပြီးပြောဆိုတဲ့နေရာမှာ ပိုပြီးလျော့ပေါ့ပြောဆိုကာအမှားလုပ်တာက ပိုကောင်းတယ်ဆိုတာ သတိပြုမိရမယ်။ 

အတ္တကင်းကင်းနဲ့ ချီးမွမ်းတတ်ဖို့နဲ့ အလွန်အကျွံတုံ့ပြန်ခြင်းမရှိဘဲ အပြစ်တင်ခြင်းကိုလက်ခံတ်ဖို့ ကိုသင်ယူရပါမယ်။  

မိမိရဲ့ အတွေ့အကြုံကနေ သင်ယူနိုင်မယ်ဆိုရင် ဆုံရှုံးခဲ့ရင်တောင် တကယ်ကျရှုံးတာ မဟုတ်ဘူးဆိုတာကို နားလည်ရပါမယ်။ ပစ္စုပ္ပန်မှာ သတိရှိရှိနေထိုင်ပါ၊ အနာဂတ်ကို ဂရုတစိုက် စီစဉ်ပါ၊ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပါ။

6️⃣ ဘဝကို စွန့်စားခန်းတစ်ခုအနေနဲ့ မြင်ကြည့်ပါ။ (See life as an adventure.)

ဘဝကို ရဲရဲကြီး အသက်ရှင်ပါ။။ ဘာကိုရှာတွေ့မလဲဆိုတာကို အသေအချာ မသိပေမယ့်လည်း ရင်းတာနဲ့တန်တဲ့ အရာဖြစ်လိမ့်မယ်လို့ ယုံကြည်ရင်း တစ်ခါမှမရောက်ဖူးတဲ့ နယ်မြေသစ်ဆီကို သတ္တိရှိရှိ စူးစမ်းရှာဖွေတဲ့သူ တစ်ယောက်လိုမျိုး နေထိုင်ပါ။ 

လုံခြုံမှုဆိုတာ စိတ်အတွင်းအထဲကလာတာပါ၊ ကိုယ့်မှာ မရှိတဲ့အရာ မဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်ပိုင်အနေအထား ဒါမှမဟုတ် သက်တောင့်သက်သာရှိတဲ့ နေရာတွေရဲ့ ကြွယ်ဝမှုတွေနဲ့ မိမိရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုအနေအထားရဲ့ အဆိုးအကောင်းကို မသတ်မှတ်သင့်ပါ။ 

မိမိရဲ့ လုံခြုံမှုဆိုတာ မိမိရဲ့အစပျိုးလုပ်ဆောင်တတ်မှု၊ စွမ်းဆောင်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ စိတ်အားထက်သန်မှု၊ သတ္တိရှိမှု၊ သက်လုံနှင့် ပင်ကိုယ်ဉာဏ်ရည် စတာတွေအပေါ်မှာ တည်ရှိနေသင့်ပါတယ်။

7️⃣ ညှိနှိုင်းဆောင်ရွက်ပါ။ (Be synergistic.)

တစ်ခုလုံးက  သူ့မှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ ပေါင်းလဒ်ထက် ပိုနေပါက မိမိမှာ ပေါင်းစပ်မှု (synergy) ရှိတယ်လို့ဆိုနိုင်ပါတယ်။ အခြားသူတွေရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ဖြည့်စွမ်းစေပြီး မိမိအသင်းအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှတွေကို တည်ဆောက်ပါ။ 

အခြားသူတွေရဲ့ အားသာချက်တွေနဲ့ စွမ်းရည်တွေအပေါ်မှာ ယုံကြည်နိုင်တာနဲ့အမျှ မိမိရဲ့တာဝန်တွေကို အခြားသူတွေကို လွဲပေးနိုင်ခြင်းဟာ လွယ်ကူလာပြီး သဘာဝကျလာပါလိမ့်မယ်။

နိယာမကိုဗဟိုပြုသူ (principle-cantered people) တွေက ပြိုင်ဆိုင်မှုအခြေနေတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ နေရာရရှိဖို့ထက် တစ်ဖက်လူ၏အကျိုးစီးပွားကိုသာ အာရုံစိုက်တတ်ကြပါတယ်။ 

အပေးအယူဖြေရှင်းနည်းတွေ (compromise solutions) နဲ့မတူဘဲ၊ ပေါင်းစပ်ထားသောဖြေရှင်းနည်း (synergistic solutions) တွေက များသောအားဖြင့် မူရင်းအဆိုပြုချက်တွေထက် အများကြီးသာလွန်ကောင်းမွန်လေ့ရှိပါတယ်။

8️⃣ မိမိကိုယ်ကိုယ် အားသစ်လောင်းဖို့ လေ့ကျင့်ခန်းလုပ်ပါ။ (Exercise for self-renewal.)

လူ့ကိုယ်ရည်ကိုယ်သွေး (human personality) ရဲ့ ရှု့ဒေါင့် (dimension) လေးရပ်ကို ပုံမှန်လေ့ကျင့်ပေးပါ။

 

  1. ရုပ်ပိုင်းဆိုင်ရာ (Physical)- နှလုံးသွေးကြောဆိုင်ရာ (cardiovascular) လေ့ကျင့်ခန်း တစ်ခုခုကို လေ့ကျင့်ပါ။
  1. စိတ်ပိုင်းဆိုင်ရာ (Mental)- စာဖတ်ခြင်း၊ စိတ်ကူးဉာဏ်ကွန့်မြူးကာပြဿနာဖြေရှင်းခြင်း၊ စိတ်ကူးပုံဖော်ခြင်း (visualisation) စတာတွေနဲ့  မိမိရဲ့စိတ်ကို လေ့ကျင့်ပါ။
  1. စိတ်ခံစားမှုဆိုင်ရာ (Emotional) – စိတ်ခံစားမှုဆိုင်ရာအရ စိတ်ရှည်သည်းခံပြီး အခြားသူတွေကို စစ်မှန်သောစာနာစိတ်နဲ့ နားထောင်ပါ။
  2. ဝိညာဏ (Spiritual) – ဝိညာဉ်ရေးအရ တရားထိုင်ခြင်း၊ ဆုတောင်းခြင်း၊ လေ့လာခြင်းနှင့် အစာရှောင်ခြင်းတို့ကို အာရုံစိုက်ပါ။

 

ဒီစာအုပ်အထဲမှာ ရေးထားတာက 

Correct principles are like compasses: they are always pointing the way. And if we know how to read them, we won’t get lost, confused, or fooled by conflicting voices and values.

မှန်ကန်သောမူ/နိယာမတွေက သံလိုက်အိမ်မြှောင်တွေလိုမျိုးပဲ သွားရမယ့် လမ်းကြောင်းကို အမြဲညွှန်ပြနေတတ်ပါတယ်။ အဲ့ဒါတွေ နားလည်အောင် ဘယ်လို ဖတ်ရမလဲဆိုတာကို သိမယ်ဆိုလို့ရှိရင် မမှန်မကန်ကွဲလွဲနေတဲ့ အသံဗလံတွေနဲ့ မတူညီတဲ့စံတန်ဖိုးတွေရဲ့ လှည့်စားတာကိုခံရမှာ မဟုတ်တော့ပါဘူးလို့ ဆိုလိုချင်တာဖြစ်ပါတယ်

ဒီအခြေခံလေ့ကျင့်ခန်တွေကို တစ်နေ့ တစ်နာရီ လောက် အချိန်ပေးကြည့်ပါ။ လွှသွားကို ထက်မြက်နေအောင် (sharpen your saw) သွေးနေဖို့အတွက် မိမိရင်းနှီးမြှုပ်နှံလိုက်တဲ့ အချိန်နာရီတွေက မိမိတစ်နေ့တာရဲ့ အခြားအချိန်နာရတွေထက် ပိုပြီးတန်ဖိုးရှိပါတယ်။

မနက်စောစောမှာ ဒီလေ့ကျင့်ခန်းတွေကို လုပ်မယ်ဆိုရင် မိမိနဲ့ဆိုင်တဲ့အောင်ပွဲ (private victory) သဘောမျိုးသက်ရောက်ပြီး မိမိအနေနဲ့ တစ်နေ့တာလုံး အများနဲ့ဆိုင်တဲ့ အောင်ပွဲ (public victory) တွေရရှိလာစေနိုင်မှာ ကျိန်းသေပါတယ်။

အခုပြောပြခဲ့တာတွေကတော့ ဒီ Principle-centered Leadership စာအုပ်အထဲက နိယာမကိုဗဟိုပြုခေါင်းဆောင် principle-centered leader တွေရဲ့ အကျင့်စရိုက် (characteristics) () ခုအကြောင်းပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကို ပြန်ပြီး အကျဉ်းချုပ်ပြောရရင်

1️⃣ စဉ်ဆက်မပြတ် သင်ယူလေ့လာပါ (Learn continually)

2️⃣ တစ်ပါးသူအတွက် အကျိုးရှိတာ တစ်ခုခုလုပ်ပေးချင်စိတ်ရှိစေပါ။ (Be service-oriented.)

3️⃣ အပြုသဘောဆောင်တဲ့ စွမ်းအင်ကို ထုတ်ပေးပါ။ (Radiate positive energy)

4️⃣ တခြားလူတွေကို ယုံကြည်ပါ။ (Believe in other people.)

5️⃣ မျှတသောဘဝကို ဦးဆောင်ပါ။ (Lead a balanced life.)

6️⃣ ဘဝကို စွန့်စားခန်းတစ်ခုအနေနဲ့ မြင်ကြည့်ပါ။ (See life as an adventure.)

7️⃣ ညှိနှိုင်းဆောင်ရွက်ပါ။ (Be synergistic.)

8️⃣ မိမိကိုယ်ကိုယ် အားသစ်လောင်းဖို့ လေ့ကျင့်ခန်းလုပ်ပါ။ (Exercise for self-renewal.)

Leave a Reply