Supervisor တစ်ယောက်ရဲ့ အရည်အချင်းတွေကို ဘယ်လိုမျိုး အကဲဖြတ်ရမလဲ

supervisor တစ်ယောက်ရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဖို့ဆိုတာ သိပ်တော့ အလွယ်ကြီးမဟုတ်လှပါဘူး။ ဘာလို့လဲဆိုတော့ နေရာအမျိုးမျိုးမှာ လိုအပ်တဲ့ သူတို့ရဲ့ abilities နဲ့ skills တွေကို ဆန်းစစ်ရတာတွေပါနေလို့ဖြစ်ပါတယ်။

supervisor တစ်ယောက်ရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဖို့ အထောက်အကူဖြစ်နိုင်မယ့် အဆင့်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ ဒီတာဝန်အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ဆုံးဖြတ်သတ်မှတ်ခြင်း။

supervisor တစ်ယောက်ရဲ့ အရည်အချင်းတွေကို အကဲမဖြတ်ခင်မှာ အဲ့ဒီ့တာဝန်အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ရှင်းရှင်းလင်းလင်းနားလည်နေဖို့လိုပါတယ်။ ဒီအရာတွေမှာ technical skills, leadership abilities, communication skills, decision-making, problem-solving skills တွေ ပါဝင်နိုင်ပါတယ်။

၂။ Performance expectations တွေကို သတ်မှတ်ခြင်း။

လိုအပ်တဲ့ အရည်အချင်းတွေ သတ်မှတ်ဖေါ်ထုတ်ပြီးပြီဆိုရင်တော့ အဲ့ဒီ supervisor အပေါ်ထားတဲ့ performance expectations တွေကို သတ်မှတ်လို့ရပါပြီ။ ဒီအရာတွေမှာ ဒီ supervisor ရအောင်လုပ်ရမယ့် goals, objectives, metrics တွေပါနိုင်ပါတယ်။

၃။ performance reviews တွေကို ပုံမှန်လေး လုပ်ပေးခြင်း။
ဒီ supervisor ရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဖို့အတွက် performance reviews တွေကို ပုံမှန်လေး လုပ်ပေးဖို့လိုအပ်ပါတယ်။
သူတို့ရဲ့ performance ကို အကဲဖြတ်ဖို့အတွက် 360-degree feedback တွေ၊ observation လုပ်တာတွေ၊ သူတို့အလုပ်တွေကို analysis လုပ်တာတွေ စတဲ့ အရေအတွက် နဲ့ အရည်အသွေးတွေနဲ့ ဆိုင်တဲ့ အတိုင်းအတာတွေကို အသုံးပြုနိုင်ပါတယ်။

၄။ အပြုသဘောဆောင်တဲ့ feedback တွေကို ပေးခြင်း
performance reviews တွေအပေါ်အခြေခံပြီး ဒီ supervisor တွေကို အပြုသဘောဆောင်တဲ့ feedback တွေကို ပေးလို့ရပါတယ်။ သူတို့ တော်တဲ့ နေရာလေးတွေ၊ သူတို့တိုးတက်ဖို့ လိုနေတဲ့ နေရာလေးတွေကို ပြောပြပေးလို့ရပါတယ်။ သူတို့အရည်အချင်းတွေ တိုးတက်လာစေဖို့ improvement အတွက် suggestions လေးတွေ ပေးတာတွေ၊ training ဒါမှမဟုတ် mentoring အခွင့်အလမ်းတွေပေးတာတွေလုပ်လို့ရပါတယ်။

၅။ ပြောင်းလဲတိုးတက်မှုကို စောင့် ကြည့်ခြင်း။
အဲ့ဒီ့ supervisor ရဲ့ ပြောင်းလဲတိုးတက်မှု progress ကို စောင့်ကြည့်ပြီး၊ သူတို့ရဲ့ အရည်အချင်းတွေတိုးတက်လာစေဖို့ ကူညီပေးဖို့အတွက် support နဲ့ feedback တွေကို အမြဲပေးလို့ရပါတယ်။

၆။ Competency models တွေကို အသုံးပြုခြင်း
ဒီ supervisor တွေရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဖို့အတွက် competency models တွေကို အသုံးပြုကြည့်ဖို့ စဉ်းစားနိုင်ပါတယ်။ Competency models တွေက ဒီ supervisor တွေရဲ့ နေရာအမျိုးမျိုးက skills, knowledge, abilities တွေကို အကဲဖြတ်ဖို့အတွက် framework တစ်ခုကို ရစေပါလိမ့်မယ်။
အခုပြောခဲ့တာတွေကို ခြုံငုံပြီးပြန်ပြောရမယ်ဆိုရင်တော့၊ ဒီ supervisor တွေရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဖို့အတွက် ကောင်းမွန်ပြည့်စုံတဲ့ approach တစ်ခုလိုအပ်ပါတယ်။ အဲ့ဒီ့အထဲမှာ performance expectations တွေသတ်မှတ်တာတွေ၊ performance reviews တွေကို ပုံမှန်လေးလုပ်ပေးတာတွေ၊ feedback တွေပေးတာတွေ၊ ပြောင်းလဲတိုးတက်မှုတွေကို စောင့်ကြည့်တာတွေ၊ competency model တွေကို အသုံးပြုတာတွေပါပါတယ်။

Leave a Reply